Wednesday, January 30, 2008

သတိရမိတဲ့အကြောင်းတွေ

အခုလိုလှပအေးစက်နေတဲ့ညမှာပဲ ငါပျိုးထားတဲ့ မြနှင်းဆီဟာ
ကြယ်တာရာ ခြံရံပြီးကြွေကျသွားခဲ့တယ်။

"ချစ်ခြင်းမေတ္တာ" ဟာ မှောဆရာ တစ်ယောက်ရဲ့ နိဂုံးလို နောက်ဆုံးမှာ
မီးလုံးများ ဖြစ်သွားရော့မလားလို့ နှုတ်ခမ်းကိုက်ပြီး ဖြစ်သွားရော့မလားလို့ နှုတ်ခမ်းကိုက်ပြီး ငါစဉ်းစားဖူးတယ်။

ကောင်မလေးတစ်ယောက်ကိုပြုစားဖို့ နင့်လက်တွေ ဖြန့်ကာဘာတွေတောင်းခံခဲ့သလဲ
ငါ့ရာဇ၀င်ခပ်ကျဲကျဲကို ငရဲမီးထဲ တွန်းချလိုက်ချင်တယ်။

သံယောဇဉ်ဆိုတာ အရောဝင်လို့ မကောင်းတဲ့ခွေးကလေးပါပဲ။

စက်ရုပ်ကိုဒူးထောက်ကျစေတဲ့ နင့်ရဲ့မျက်ဝန်းစိမ်းလဲ့မှာ
ငါဘယ်လိုမှ မေ့မရတဲ့ မဟာအလကာင်္တစ်ပိုင်းတစ်စ..... ရှိလေရဲ့။

ကျောင်းတော်ရဲ့ စည်းအပြင်
နင့်ပုံရိပ်တွေ တလွင်လွင်နဲ့ ထင်ယောင်ထင်မှားလမ်းပေါ်မှာ ငါစဉ်းစားတာ
နင့်အကြောင်းခေါင်းစဉ်များစွာပါပဲ။

သူငယ်ချင်းရယ်
အီဂျစ်ပြက္ခဒိန်ထဲက မိုးတိမ်တွေ ရွာမယ့်နေ့
နင်နဲ့ငါပြန်လည်ဆုံတွေ့ကြရင် ဒီအကြောင်းတွေပြောချင်ပါသေးတယ်

တိတ်ဆိတ်ပြာလဲ့နေတဲ့ည
ရေတွင်းထဲခေါင်းငုံပြီး " ....." ကိုချစ်တယ်လို့ ဘယ်ဆီဘယ်ဝယ် ဟစ်အော် တမ်းတရတာ
ဘာကြောင့်ပါလဲ။

ချစ်သော ကျောင်းသွားဖော်ရဲ့ ပုံရိပ်လွှာကို မျှော်တွေးရင်းဆွေးလျ ညှိုးခွေ
ဖြေမပြေသူလေးအကြောင်း
ငုဝါပင်ကြီး သိပါတယ်။

ချိုတဲ့သော ကျောင်းသားဘဝ
ဆန္ခရဲ့မပြေလည်မှု
အနီရောင်မှတ်တမ်းတစ်ခုနဲ့ ချစ်သူအတွက် သစ္စာ
သြော်........ ငါ့ကို နားလည်ပါ
နားလည်ပါ ..... နားလည်စမ်းပါဟာ။

ကျဆုံးတော့မယ့် စစ်သူရဲအိုက
ငယ်ဘ၀က ဓါးနဲ့ ချစ်သူကို
ပြင်းရှစွာ သတိရလိုက်သလိုမှီုး
ငါနင့်ကိုသတိရနေတယ်။

သူငယ်ချင်းရေ
သူငယ်ချင်းရေ
သူငယ်ချင်းရေ
သစ်ခုတ်သမားတွေ မရှိတဲ့တိုင်းပြည်မှာ
ငါတောသူမပဲဖြစ်ချင်တယ်
နင်ဘုရင်လာမလုပ်ရဘူးနော်
တော်ကြာ ရွာဇနပုဒ်နဲ့မိုးရေထဲ ငါတစ်ယောက်တည်းမျက်ရည်ဝဲနေရပါအုံးမယ်။

ငါကလဲခက်တယ်
နေမ၀င်အင်ပါယာနဲ့ ကဗျာတစ်ပုဒ်
ဘယ်ဟာယူမလဲ မေးလာရင် ပထမအရာကိုငါငြင်းမယ်

အဲလိုနဲ့ပဲ မှောက်ထားတဲ့ ငါရဲ့ကံ့ကော်ရွက်
ဖဲချပ်ကလေးတွေ လောကကြီးကိုအမျှဝေရင်း
ကာလများစွာ ကြာပြီကောလေ။

ဟေး........ ငါပြောမယ်
အခင်ဆုံး ဖြစ်ခဲ့ပေမယ့်
ဘယ်တော့မှမနီးခဲ့တဲ့ နင့်ဆီကို
သတိရမိတဲ့အခါတိုင်းငါရောက်အောင်လာမယ်။

အရက်သမားက သူတစ်ပါးကို လွမ်းဆွတ်တာ ရယ်စရာမဟုတ်ပါဘူး။
တစ်ရံတစ်ခါရဲ့ ပြန်မလာတဲ့သူတို့သိကြဖို့ကောင်းတယ်။

လေညင်းကလေးရေ .....
ပင်ပန်းနေတဲ့သူရဲ့ အချိန်တွေအတွက် အဖော်ပြုပေးဖို့ တောင်းဆိုပါတယ်။
အဝေးကနေငါနှစ်သိမ့်ချင်နေလို့ပါ။

ချစ်သူကို မြတ်နိုးရုံနဲ့ အရာရာကို
လက်ဖြန့်မိုးစောင့်ရှောက်ချင်တဲ့ကောင်မလေးပါ........။
ခု ........ ချွင်းချက်အနေနဲ့ လက်နက်ချလိုက်ပါတယ်။

သူငယ်ချင်းရေ......
ကချေသည်တို့ရဲ့ တေးတွေနဲ့
ငြိမ်းအေးပျော်ရွင်ချမ်းမြေ့ပါစေသား
ကောင်းသော မိုးသောက်ချန်မှာလည်း
ငြိမ်သက်တည်ကြည်စေ
ငါဆုတောင်းပေးနေမယ်။

ဘာပဲဖြစ်ဖြစ် ကျောက်ခေတ် ၊ကြေးခေတ်၊
နျူးကလီးယားကင်ဆာ၊အနာဂါတ်ခေတ်
အားလုံးအတွက် သေချာတဲ့ ငါကြေညာချက်ကတော့
နင့်ကိုထာဝရချစ်နေမယ်ဆိုတာပါပဲ။

နင့်အပေါ်ထားတဲ့ ငါ့ရဲ့ချစ်ခြင်း
မေတ္တာဟာ မိုးပေါ်ကို ဦးမော့ပြီး
ဝင်းပစွာ လင်းမြတုန်ခါနေတဲ့ ရွှေဝါရောင်မီးတောက်မီးလျှံလိုပါပဲ။

ကျောင်းခန်းတွင်းမှာ လမင်းကလေးသာခဲ့ဖူးတယ်။
"ချစ်တဲ့သူကိုတောင် ရဲရဲမကြည့်ဝံတြ့သူမကို ပညာရှိကြီးများရယ် ....... ပါဠိစကားလုံးတွေနဲ့ ငါ့အပေါ်မဆုံးဖြတ်ပါနဲ့ဦး။

သူငယ်ချင်းတွေနဲ့နေရင်း
စကားပြောရင်း
သီချင်းလေးတွေ ဆိုရင်း
နင်.......ငါ့ကိုမေ့သွားမှာပါ။

ခုတော့ ...... သွားတော့နော်
ငါချစ်မြတ်နိုးရတဲ့နေရောင်ခြည်တွေနဲ့လူလင်ပျိုကို
ဘ၀ဆိုတဲ့ မာယာနိုင်ငံအိုက စောင့်ကြိုလို့နေရော့မယ်
သာမညလမ်းခွဲမှာ
ဝမ်းမနည်းသလို ငါတို့နှုတ်ဆက်
နက်ဖြန်ခါမှာ အောင်မြင်ပါစေ
နက်ဖြန်ခါမှာ အောင်မြင်ပါစေ
နက်ဖြန်ခါတိုင်းမှာ အောင်မြင်ပါစေ
သူငယ်ချင်းရေ.....................။

2 comments:

17Chaos said...

ကဗျာလေးက တော်တော်ကောင်းပါတယ်။
တစ်ချို့ဟာတွေ ကိုတော့ တုံးလို့လားမသိဘူး အဓိပ္ပါယ်မဖော် တတ်ဘူး။ နောက်ပြီး
“......” က ဘယ်သူလဲဟင်

သဇင်လေးနွယ် said...

အဲဒါကတစ်ယောက်သောသူကိုပြောချင်တာပါ
အဲဒီအချိန်က ခံစားချက်အနေနဲ့ပေါ့
ကိုဒီးဒီးတဲ့
ကျမကိုအမြဲလျစ်လျူရှုတဲ့လူတစ်ယောက်ပေါ့